ခရီးသွားခြင်းကနေ ရခဲ့တဲ့ အကျိုးကျေးဇူးများ

ရှေ့ post တစ်ခုမှာ ချင်းမိုင်ကနေ ပိုင်မြို့ကို အစီ အစဥ် မရှိပဲ သွားခဲ့တဲ့ အကြောင်း ရေးခဲ့ဖူးပါတယ်။ အစီအစဥ် မရှိပဲ ရုတ်တရက် ထသွားရတဲ့ ခရီးတွေနဲ့ ရောက်ခဲ့တဲ့ နေရာတွေကို ကျွန်တော် သိပ်သဘောကျပါတယ််။ အရင်ကလဲတက္ကသိုလ် ကျောင်းသား ဘ၀မှာ အစီအစဥ် သေချာ မရှိပဲ အင်းလေး ပုဂံ ငွေဆောင် စတာတွေကို ဘော်ဒါတွေနဲ့သွားခဲ့တော့ အစီအစဥ် မရှိပဲ ခရီးသွားတာတွေက သိပ်တော့ အထူးအဆန်းမဟုတ်ပါဘူး။ ကြုံတွေ့ရတာတွေကတော့ အထူးအဆန်းတွေချည်းပါပဲ။
ပထမဆုံး တော့ မနက်စောစော ခရီးသွားရမှာ ဖြစ်တဲ့အတွက် မနက်အစောစာကို ထမင်းကြော်နဲ့ ပိုတာတွေကို ဘူးနဲ့ထည့်ပြီးယူသွားပါတယ်။ ဟိုရောက်တာနဲ့ ချက်ချင်း စားပေါ့။ ကျွန်တော့်ရဲ့ ကောင်းတဲ့ အကျင့်တစ်ခုက ဘယ်နေရာ ရောက်ရောက် အိပ်တတ်တာပါပဲ။ ကားပေါ်လဲ အိပ်တယ်။ ရထားပေါ်၊ လေယာဥ်ပေါ် လဲအလျင်းသင့်ရင် သင့်သလို အိပ်ပါတယ်။ ပိုင်မြို့တက််တဲ့ ကားလမ်းက အကွေ့ အကောက်များပြီးတော့ ဆက်တိုက်တက်ရတာမလို့ တော်ရုံတန်ရုံလူ မခံနိုင်အောင် မူးပါတယ်။ ကျွန်တော်ကတော့ မူးမယ် ဆိုတာ ကြိုသိတဲ့ အတွက် ရှူဆေးတစ်ဘူးနဲ့ နောက်ဆုံးတန်းမှာ ကောင်းကောင်းအိပ်လိုက်သွားလိုက်တာ ရောက်မှ နိုးပါတယ်။ ဟိုရောက်တာနဲ့ ကားငှား အထုပ်တွေ ကားပေါ်တင် ပြီး ကိုယ်တိုင်က ဆိုင်ကယ်ငှား ပြီး လိုက်သွား၊ တစ်ခါတည်း check in ၀င်ပြီးတော့ ခန နားပြီးတော့ အလုပ်ဆက်လုပ်ပေါ့။ ညနေပိုင်းကျတော့ အငြိမ်မနေနိုင်တာနဲ့ hotel အပေါ်ဘက်က တောင်ပေါ်တက်သွားလိုက်တာ အပေါ်မှာ လဲ နောက်ထပ် ဈေးကြီးတဲ့ hotel တစ်ခုဗျ …၊၊ ခပ်တည်တည်နဲ့ ထမင်းတစ်ပွဲမှာစားပြီးတော့ Speaking ကျင့်ချင်တာနဲ့ နိုင်ငံခြားသားအုပ်စု မြင်တော့ စကား၀င်ပြော…၊
သူတို့က စုစုပေါင်းသုံးယောက်ဗျ။ တစ်ယောက်က England က
နောက်ထပ် အတွဲ က Germany ကတဲ့။ Germany က ဘဲက သူတို့နိုင်ငံမှာ DJ တီးတာ ၊ ကောင်မလေးက အဆိုတော် သူတို့ အတွဲနဲ့ England က ဘဲ က ချင်းမိုင်မှာ သူငယ်ချင်း ဖြစ်လာပြီးတော့ ပိုင်ထိ ခရီး အတူတူထွက်လာကြတာတဲ့
အော် .. သူတို့ အချင်းချင်း ယုံကြည်မှု တည်ဆောက်ပြီးတော့ open minded ဖြစ်ပါလားဆိုတာ သိလာရတယ်။ England က ဘဲဆို Speaking က ကောင်းချက်ပဲ ဆက်တိုက်လွှတ်တာ။ မနည်း နားထောင်ယူရတယ်။ Listening ကို နားထောင်နေရင် Speaking က ချက်ချင်းမထွက်ဘူး။ အော်အဲ့ကျမှ ငါ ပြောတတ်ဖို့ အတော်ကျင့်ယူရဦးမှာပဲ ဆိုတာ သိလိုက်ရတယ်။ ညနေပိုင်းကျ Germany က ဘဲက သူ့ DJ စက်ကြီး ယူချလာပြီး Private party ဆိုပြီး တီးပေးတော့ ဘယ်ပြောကောင်းမလဲ ကတာပေါ့။ ဒါမျိုးကတော့ ဇော်ကြီးတို့ ဘယ်နေလိမ့်မတုန်း ….။ သူတို့ ငှားနေတဲ့ hotel က တစ်ရက်ကို ဘတ်၂၀၀၀ တန်ဗျ …. view ရော အခန်းရော ကောင်းတာကိုး … ။ ကျွန်တော်နေတာက တစ်ရက်ကို ၃၅၀ တန် … ဒါပေမယ့် တောင်ပေါ်နဲ့တောင်အောက်တင်ဆိုတော့ သိပ်မဝေးဘူး။ ပြောပြတော့ ဘဲတွေ နည်းနည်း နင်သွားတယ်။ အော်သူတို့အတွက် ဒီပမာဏက ဘာမှ မဟုတ်ပါဘူးလေ ….နိုင်ငံခြားသားတွေဆိုမှ တော့ ပိုက်ဆံသုံးတာဒီလောက်တော့ရှိမှာပေါ့ လို့ တွက်ထားလိုက်တော့တယ် …
၃၅၀ က ကိုယ့် အတွက် ကိုယ်ကတော့ မများဘူးဆိုပေမယ့် များတာပဲဗျ .. အဲ .. ၄ရက်လောက်နေပြီးတဲ့ အခါကျ Budget က နည်းနည်း ထိလာတာနဲ့ Agoda ကနေ ဈေးထပ်သက်သာတဲ့ hotel ကို ထပ်ရှာပြီးတော့ တစ်ရက်ကို 117 ဘတ်ပဲ ပေးရတဲ့ Cafe De Arts ဆိုတဲ့ hotel ကို ထပ်ရွှေ့တယ် ….တန်ချက်ဗျာ .. တန်မှာပေါ့ဗျ.. hotel အပေါ်ထပ်တစ်ခုလုံးက ကိုယ်နဲ့ ကိုယ်ပဲရှိတာ reception လဲမရှိဘူး ဖုန်းဆက်ကြည့်တော့ မင်းအခန်းက Room 2 တဲ့ ၀င်သွားလိုက်တဲ့ ။ hotel က ဈေးသက်သာတာ က လွဲလို့ ကျန်တာ ဘာမှ သိပ်ထူးထူးခြားခြား မကောင်းပါဘူး။ ရေချိုးခန်း အိမ်သာလဲ သိပ် မကောင်းလှဘူး ကျန်တာသည်းခံလို့ရပေမယ့် ညပိုင်းကျ ဘေး အခန်းတွေလဲ ဘယ်သူမှ မရှိတော့ အတွေး မများရအောင် ကြိတ်မှိတ် အိပ်လိုက်ရတာပဲ။ နောက်မှ သိတာက အောက်ထပ်မှာ ဆွီဒင်က ဘဲ တစ်ဗွေနေတယ် ….. ဒီဘဲက ငစား .. သူတို့နိုင်ငံမှာ အလုပ်ထွက်လိုက်ပြီးတော့ သူတို့ အစိုးရက တစ်လကို ဘတ် ၄၀၀၀၀ ထောက်ပံ့တယ် အဲ့ပိုက်ဆံနဲ့ ထိုင်းနိုင်ငံ ပတ်နေနေတာ ၊ ဘယ်လောက်ထောက်ပံ့မှာလဲမေးတော့ တစ်နှစ်ခွဲတဲ့ …
ဒီမှာ တစ်လလုံး ပုံမှန် အလုပ်လုပ်ရင်တောင် အဲ့လောက်ရဖို့ မလွယ်ဘူးလို့ ..နိုင်ငံအစိုးရ ကောင်းတော့လဲ မင်းတို့အေးဆေးနေနိုင်တာပေါ့ ကွာ ..လို့ ..ပြောလိုက်တယ် …ဒီဘဲက weed ဘဲ အားနေ weed သောက်လိုက် ညဆို သီချင်း ဖွင့်လိုက် မနက်ဆို ဆိုင်ကယ် စီးလိုက်နဲ့ နှပ်နေတာ … နောက်တစ်ရက်ကျ သူ့ ဘီးကြီး ငှားပြီး တောင်ပေါ်တက်သေးတယ်။
နောက်တစ်ရက်ကျတော့ Argentina က ကောင်မလေးနဲ့ Italy က ကောင်လေး အတွဲ ထပ်ရောက်လာတယ်။ Italy ကဘဲက ငစား အသက်က ၂၂ နှစ်ရှိသေးတာ။ Budget plan နဲ့ ပတ်သွားနေတာ ငှားတဲ့ hotel လဲသူ့အနေအထားနဲ့ကို ဈေး အသက်သာဆုံး hotel ငှားနေတာ ပြီးတော့ ဆိုင်ကယ်ကလဲ တစ်ရက် ၁၀၀ တန်ငှားပြီးတော့ ပတ်သွားနေတာ ..ကိုယ့်ဘာသာကိုယ် budget လှပြီ ထင်နေတာ ဒီကောင်က ပိုကြမ်းတယ် .. Agoda ကနေ hotel ရှာရင် နိမ့်တဲ့ currency နဲ့ filter လုပ်ပြီးရှာရင် ဈေးသက်သာတယ်တဲ့ ပြီး Chiang Dao မြို့က ဒီထက်ပို ဈေးသက်သာတယ်တဲ့
အဲ့မှာ hot spring တွေကို အလကား၀င်ခဲ့ရတာ ဒီကျမှ ပိုက်ဆံ လာတောင်းနေတယ်တဲ့ ငါ ဘာလို့၀င်ရမှာလဲ ဆိုပဲ ..
အော် ဒီဘဲ ဒါကြောင့် ဒီလောက် ခရီးတွေ ပတ်သွားလို့ရတာပါလားလို့သိလိုက်ရတယ်….
သိလိုက်ရတာကတော့ ခရီးတစ်ခုသွားဖို့ ပိုက်ဆံ လိုတာမှန်ပေမယ့် အများကြီး တော့လဲမလိုပါဘူး ..သွားချင်စိတ်ရှိဖို့ရယ် သွားဖို့ အချိန်ရယ် အသေအချာစီစဥ် ထားတဲ့ plan တစ်ခုရယ်နဲ့ သွားရင် တော်တော်လေး budget save ဖြစ်ပြီးတော့ အကျိုးရှိမယ်ဆိုတာပါ .. သွားရင်းလာရင်း ရခဲ့တဲ့ သူငယ်ချင်းတွေ …. လူသစ်တွေနဲ့ စကားစမြည်ပြောကြည့်ရတာတွေ၊ ကိုယ် မလုပ်ဘူးတဲ့ အရာတွေ စမ်းလုပ်ကြည့်ရတာက အတော်ပျော်စရာကောင်းပါတယ်၊ ပြီးတော့ မိတ်ဆွေ အသစ် ဘာသာစကားအသစ်ပြောရမယ်ဆို ပြောရဲဆိုရဲ ဖို့ အတွက် လဲ အလေ့အကျင့်ဖြစ်ပါတယ်။
နောက်ထပ်သွားမယ့် တစ်နေရာကတော့ သေချာပေါက် Chiang Dao ဖြစ်ပါလိမ့်မယ် ….