သာယာလှပတဲ့ Pai မြို့ လေး သို့ အလည်တစ်ခေါက်

ဒီကြားထဲမှာ အချိန်လဲ နည်းနည်း ရတာနဲ့ Chiang Mai နဲ့ မနီးမဝေးမှာ ရှိတဲ့ PAI မြို့လေး ကို သွားဖြစ်ခဲ့ပါတယ်။
အစက တော့ Pai မြို့ နဲ့ပတ်သတ်ပြီး လည်စရာ နေရာတွေ အများကြီး ရှိတယ်၊ အစား အသောက်တွေ ဈေး သိပ်မများဘူး၊ Nature ကို ကြိုက်တဲ့ Tourist တွေ လာတယ်၊ အေးချမ်းတယ် ဆိုတာလောက်ပဲ သိထားတာပါ။
တကယ်ရောက်သွားတော့ ထိုင်းနိုင်ငံရဲ့ Hidden Gem ဆိုတာကို လက်ခံသွားပါတယ်။
ကျွန်တော့်ရဲ့ ထုံးစံအတိုင်း ခုစဥ်းစားမိတာနဲ့ ခုထသွားချင်တာဆိုတေ့ာ ညဘက် ၁၂ နာရီလောက် အကြံပေါက်ပြီးတော့ မနက် ၇ နာရီခွဲကားနဲ့သွားဖို့ပါ။ ဒါပေမယ့် ကားတွေက မရှိတော့တာမလို့ စိတ်လျှော့ပြီး နောက်တစ်ရက်မှ သွားဖို့ booking လုပ်လိုက်ပါတယ်။ ကားတွေက ချင်းမိုင်ကနေဆို https://12go.asia/ ကနေပဲ booking လုပ်ပြီးတော့ မနက် ၇နာရီခွဲကားကို လက်မှတ်ဖြတ်ပြီးတော့ နောက်နေ့ မနက်သွားဖို့ အတွက်ကြိုပြင်ဆင်ပါတယ်။
ပိုင်မြို့မှာ လည်စရာ ပတ်စရာ တွေ အတွက် review ကြည့်တာကတော့ ဒီ အမ ရေးထားတဲ့ https://www.facebook.com/media/set/?set=a.1616474301713650&s=15&_rdr ဒီကနေ ဖတ်ပြီးတော့ ဘာနေရာတွေ ရှိလဲ ဆိုတာ ကြည့်လိုက်ပါတယ် … Post Credit ပါ အမ ..
Pai မှာက နေစရာ ထိုင်စရာက တကယ်တမ်းရှာနေတတ်မယ်ဆိုရင် တော်တော်သက်သာတဲ့ အထဲမှာပါပါတယ်
သူငယ်ချင်းတွေနဲ့နေမယ်ဆိုရင် စုနေလို့ရတဲ့ home stay လေးတွေလိုမျိုး တစ်ယောက်ထဲသွားမယ်ဆိုရင်လဲ hostel တွေလိုမျိုး အဖွဲ့လိုက်သွားမယ်ဆိုရင်လဲ hotel လိုမျိုးတွေက ရှာတတ်ရင် ဈေးသက်သာပါတယ်
ကျွန်တော်ကတော့ Agoda ကနေပြီးတော့ နေမယ့် ရက်ကို ၂ရက်စာလောက်ပဲ booking ယူပြီးတော့ lowest နဲ့ price filter ပြီးတော့ရှာ နေလိုက်ပါတယ် ကျွန်တော်တည်း ခဲ့ တဲ့ guest house က
Pho Rak Nah Pai Guesthouse ပါ တစ်ရက်ကို ၃၅၀ ဘတ်ဆိုတော့ ဈေး အတော်အသင့်ထဲမှာပါပါတယ်
breakfast တော့ မပါပါဘူး။ ဒါပေမယ့် မြို့ထဲနဲ့ သိပ်ပြီးတော့ မဝေးတဲ့အပြင် အေးအေးဆေးဆေး
တိတ်တိတ်ဆိတ်ဆိတ် နဲ့ဆိုတော့ နေရတာ တော်တော် အဆင်ပြေပါတယ်။
ဒါက ကျွန်တော့်အခန်းကနေမြင်နေရတဲ့ view ပါ။
ပိုင်မြို့မှာ လည်ပတ်ဖို့ဆိုရင် ဆိုင်ကယ်လေး ငှားဖို့လိုပါတယ်။ ဆိုင်ကယ် အမျိုးအစားပေါ်မူတည်ပြီးတော့
100 150 200 အစားစားရှိပါတယ်။ ကျွန်တော်ကတော့ Happy Pai ဆိုတဲ့ ဆိုင်ကနေ တစ်ရက် ၂၀၀ ပေးပြီး ငှားလိုက်ပါတယ် Recommend ပေးချင်တာကတော့ ပထမတစ်ရက်ကို ရောက်ရောက်ချင်း ကားဂိတ်နဲ့ အနီးဆုံးဆိုင်ကနေ deposit ပေးပြီးတော့ တစ်ရက်ငှား၊ နောက်နေ့တွေကျရင် ကိုယ်သွားမယ့် နေရာ အနေအထားပေါ်မူတည်ပြီးတော့
အဝေးကြီး တောင်ပေါ်တက်တာမျိုး လုပ်မယ်ဆို ၂၀၀ တန်လေးငှားသွား၊ တစ်ချို့ရက်တွေ မြို့ထဲပဲ နေမယ်ဆိုရင် ၁၀၀ တန်လေး ပြောင်းငှားတာမျိုး လုပ်ရင် budget save ပိုဖြစ်ပါတယ်။ hotel လဲ အဲ့အတိုင်းပါပဲ။
ကျွန်တော်ရောက်ခဲ့သော နေရာများ
- Santichon Village
တရုတ်ရွာလေးပါ။ ၁၅ မိနစ်လောက်မောင်းရင်ရောက်ပါတယ်။ ထိုင်းနိုင်ငံမှာ တရုတ်တွေ အခြေချ နေထိုင်ခဲ့တဲ့ ရွာလေးတစ်ရွာ ပါ။ ရွာ အ၀င်နဲ့ ရွာထဲမှာလဲ တရုတ်အငွေ့အသက်တွေ နဲ့တရုတ် မြေအိမ် ပုပုလေးတွေနဲ့ ချစ်စရာ လေးပါ။ တရုတ်မလေးတွေရှိမယ် လို့တော့ မျှော်လင့်မထားပါနဲ့ ဓာတ်ဖမ်းလို့ တော်တော်ကောင်းပါတယ်။
2) View Point
Santichon Village ကနေ အပေါ်ကို ဆက်တက်မယ်ဆို view point ကိုရောက်ပါတယ်။ ဘတ် ၃၀ ပေးပြီးတော့ ပန်းခြံ၀င်လို့ရသလို ဒီတိုင်းကြည့်လို့လဲ ရပါတယ်။ view point ကနေ အောက်ကို အေးအေးဆေးဆေး ထိုင်ကြည့်ရတာက တော်တော်ကို အရသာ ရှိပါတယ်။ ၀ါသနာပါရင် tent ထိုးပြီးတော့ မနက် ၉ နာရီထိ နေ လို့လဲရပါတယ်။
3) Mueang Paeng Hot Spring
၆နာရီဆိုရင် ပိတ်ပါတယ်။ ကျွန်တော်ရောက်သွားတဲ့ အချိန်က ညနေ ၅ နာရီ မလို့ ဘတ် ၃၀၀ မလို့ဆိုပြီး မတန်လို့ မ၀င်ခဲ့ပါဘူး။ အဲ့အောက်ကို ပြန်ဆင်း လိုက်ရင် လူလုပ် hot spring က ၁၀၀ မလို့ ၀င်ပြီး စိမ်ခဲ့ပါတယ် ။ အညောင်းညာ ပြေ တော့ မဆိုးဘူး တန်ပါတယ်။
4) Pam Bok Waterfall
waterfall ဆိုပေမယ့် ခပ်သေးသေးရယ်ပါ။ ကျွန်တော် သွားတဲံအချိန် က နွေရာသီ မလိုထင်တယ် ရေ အနက်ကြီး မဟုတ်ပါဘူး။ မုန့်လေး အအေးလေး ၀ယ်သွားပြီးတော့ ရေတံခွန်ဘေး အေးဆေး နားမယ်ဆိုရင်တော့ ၀င်ကြေး ၁၀၀ က တန်ပါတယ်။ အမှန်ဆိုရင် ကိုယ်တွေကတော့ အဲ့လောက်ကို ရေတံခွန်လို့ကို မမြင်တာရယ်ပါ။
5) Bamboo Bridge
Pam Bok Waterfall ကနေ နည်းနည်း မောင်းလာလိုက်ရင်Bamboo Bridge ရောက်ပါတယ်။
နေ့ခင်းဘက်ရောက်သွားလို့ကတော့ စိမ့်နေမှာပဲ။ ရှုခင်းလေးတွေ တော့ မဆိုးပါဘူး လှပါတယ်။ ဘတ် ၂၀ ပေးပြီး ဟိုကြည့်ဒီကြည့် လျှောက်သွားရုံပါပဲ။
အခြား လုပ်စရာ activities တွေလဲ အများကြီး ရှိပါသေးတယ်
- Mway Thai club
- Yoga club
- DT လိုမျိုး ဘီးကြီးတွေနဲ့ တောထဲပတ်စီးတာမျိုးတွေ လဲရှိပါသေးတယ်
လည်စရာ တခြား နေရာတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်က traveller လဲ မဟုတ်တော့ ခရီးစီ စဥ်တာ အစီ အစဥ်မကျတာတွေ ရှိပါတယ်။ အစား အသောက်တွေလဲ ဈေးက တော်တော်တန်တာမလို့ ၃ ၄ ရက်လောက် သွားပြီးတော့ စုံနေအောင် လည်မယ်ဆို တန်ပါတယ်။